Explore
i
Home / မြန်မာဘာသာ (Burmese)

မြန်မာဘာသာ (Burmese)

သိသင့်သော အချက်အလက်များ မြန်မာဘာသာပြန်

ဘရင်ဘန့်ခ် မြို့နယ်ကောင်စီသည် သင့်အတွက် ဝန်ဆောင်မှု အများအပြားကို ဆောင်ရွက်ပေးသည်။

ကျွန်ုပ်တို့ သင့်အား မည်သို့ကူညီနိုင်သည်ကို နားဆင်ရန် အောက်ပါ 'ဖွင့်ပါ' ခလုတ်ကို နှိပ်ပါ။
00:00 / 00:00

မြန်မာဘာသာပြန်ထားသော ဘရင်ဘန့်ခ် (Brimbank) မြို့နယ်ကောင်စီသို့ ဆက်သွယ်နည်း

ကျွန်ုပ်တို့အား မြန်မာစကားဖြင့် ဆက်သွယ်ရန်၊ TIS နိုင်ငံလုံးဆိုင်ရာ စကားပြန်ဌာနဖုန်း ၁၃၁ ၄၅၀ ကိုဆက်ပါ။ သင့်ဖုန်းခေါ်ဆိုမှုကို ဖြေကြားသောအခါ၊ မြန်မာဘာသာကို အင်္ဂလိပ်လို ပြော၍ ဘရင်ဘန့်ခ် မြို့နယ်ကောင်စီနှင့် စကားပြောဆိုရန် ဖုန်း ၉၂၄၉ ၄၀၀၀ ကိုဆက်ခိုင်းပါ။

ကုန်ကျစရိတ်သည် ဒေသတွင်းဖုန်းခေါ်ဆိုမှုနှင့် အတူတူ ဖြစ်သည်။

ယနေ့ မည်သည့် အချက်အလက်များ ရှာဖွေနေပါသလဲ။

ပြန်လည်ပြုပြင်သုံးစွဲအမှိုက်၊ အမှိုက်သရိုက်နှင့် စွန့်ပစ်အမှိုက် သိမ်းဆည်းခြင်း

အနီ သို့မဟုတ် အစိမ်းရင့် အဖုံးပါသော အမှိုက်ပုံးများကို အပတ်စဉ် သိမ်းပေးသည်။

အဝါရောင်အဖုံးပါသော ပြန်လည်ပြုပြင်သုံးစွဲအမှိုက်ပုံးများကို တစ်ပတ်ခြား သိမ်းပေးသည်။

သင် မှာယူရှိထားပါက အစိမ်းနုရောင်အဖုံးပါသော ဥယျာဉ် အမှိုက်ပုံးကို တစ်ပတ်ခြား သိမ်းပေးသည်။

ကျွန်ုပ်တို့အား ဆက်သွယ်ခြင်းအားဖြင့် ဥယျာဉ်အမှိုက်ပုံးကို သင် မှာယူနိုင်သည်။

သင့်အိမ်မှ ကြီးမားသောစွန့်ပစ်ပစ္စည်း အခမဲ့သိမ်းပေးခြင်းကိုလည်း နှစ်စဉ် တစ်ကြိမ် မှာနိုင်သည်။

00:00 / 00:00

အကယ်၍ သင့်အိမ်တွင် ကောင်စီမှ ပေးထားသည့် အစိမ်းရောင်အမှိုက်ပုံး ရှိပါက ယခုအခါ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အသား၊ ပင်လယ်စာ၊ အရိုး၊ ခေါက်ဆွဲ၊ ထမင်း၊ ဥခွံ၊ ပေါင်မုန့်၊ နို့ထွက်ပစ္စည်း၊ ကော်ဖီမှုန့်နှင့် လက်ဖက်ခြောက်ဖတ်အပါအဝင် မချက်ရသေးသော နှင့် ချက်ပြီးသား စားကြွင်းစားကျန်များကို ထို အမှိုက်ပုံးတွင်း ၁ရက် ဇူလိုင်လ ၂၀၂၂မှ စ၍ ထည့်နိုင်ပြီဖြစ်သည်။

အိမ်ခြံအတွင်း စိုက်ပျိုးနိုင်သည့် သို့မဟုတ် စားသုံးနိုင်သော အရာအများစုကို သင်၏ အစိမ်းရောင်အမှိုက်ပုံးထဲသို့ ထည့်နိုင်ပါပြီ။

ပလတ်စတစ် သို့မဟုတ် ပလပ်စတစ်အိတ်များ၊ ကော်ဖီအနှစ်ဘူးများ၊ လက်ဖက်ရည်အိတ်များ၊ စက္ကူ၊ ကလေးသေးခံများ သို့မဟုတ် တိရစ္ဆာန်ချေးများကို သင့် အစိမ်းရောင် အမှိုက်ပုံးထဲသို့ မထည့်ပါနှင့်။

သင့်အစိမ်းရောင်အမှိုက်ပုံးထဲတွင် အစားအစာ စွန့်ပစ်ပစ္စည်းများကို ထည့်ရန်အတွက် အပို အခကြေးငွေ ပေးရန် မလိုအပ်သည့်အပြင် အစိမ်းရောင်အမှိုက်ပုံးကို လာရောက်သိမ်းဆည်းချိန် အပြောင်းအလဲ မရှိပါ။

အပေါ်သို့ ပြန်သွားရန်

စာကြည့်တိုက်များ

ဘရင်ဘန့်ခ်တွင် ဒီယားပါ့ခ် (Deer Park) ၊ ကီးလော (Keilor)၊ စိန့်အယ်ဘမ် (St Albans)၊ ဆမ်းရှိုင်း (Sunshine) နှင့် ဆစ်ဒန်ဟမ် (Sydenham) တို့တွင် စာကြည့်တိုက်ငါးခု ရှိသည်။ ဘရင်ဘန့်ခ် စာကြည့်တိုက်အားလုံး အစိုးရရုံးပိတ်ရက်များတွင် ပိတ်ပါသည်။

စာကြည့်တိုက်အသင်းဝင်ခြင်းသည် ရပ်ရွာအဖွဲ့ဝင်အားလုံးအတွက် အခမဲ့ဖြစ်သည်။

စာကြည့်တိုက်အားလုံးတွင် အခမဲ့ အသုံးပြုရန် ဝိုင်ဖိုင် (Wi-Fi) နှင့် အများသုံး  ကွန်ပျူတာများ ရှိသည်။

ကျွန်ုပ်တို့တွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာဖြင့် စာအုပ်များ၊ မဂ္ဂဇင်းများနှင့် အခြားအရင်းအမြစ်များရှိပါသည်။ ၎င်းတို့ကို သင် ငှားရမ်းနိုင်သည် သို့မဟုတ် စာကြည့်တိုက်တွင် ဖတ်ရှုနိုင်သည်။

သင်သည် စာကြည့်တိုက်ကို အွန်လိုင်းဖြင့် အသင်းဝင်နိုင်သည် သို့မဟုတ် အကူအညီအတွက် ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပါသည်

အပေါ်သို့ ပြန်သွားရန်

ကောင်စီခွန်

ရပ်ကွက်တွင်း ကားလမ်းများ၊ စာကြည့်တိုက်များ၊ အားကစားကွင်းများ၊ ပန်းခြံနှင့် ကစားကွင်းများ၊ အမှိုက်သရိုက်နှင့် ပြန်လည်ပြုပြင်သုံးစွဲခြင်း ဝန်ဆောင်မှုများကဲ့သို့ ရပ်ရွာအတွက် အရေးပါသောဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန်အတွက် ဩစတေးလျနိုင်ငံတစ်ဝှမ်းရှိ အိမ်ခြံမြေပိုင်ရှင်အားလုံးသည် ၎င်းတို့၏ဒေသန္တရကောင်စီအား ကောင်စီခွန် ပေးဆောင်ရသည်။

ကောင်စီခွန် ပေးဆောင်မှုများကို ဘဏ္ဍာရေးနှစ်တစ်ခုစီ၏ အစတွင် သို့မဟုတ် သုံးလတစ်ကြိမ် အောက်ပါနေ့ရက်များ၌ ပေးချေရသည်-

  • စက်တင်ဘာ ၃၀

  • နိုဝင်ဘာ ၃၀

  • ဖေဖော်ဝါရီ ၂၈

  • မေ ၃၁

သတ်မှတ်ရက်တွင် သင့် ကောင်စီခွန်ကို မပေးဆောင်နိုင်ပါက သင့်လျော်သော အရစ်ကျပေးဆောင်မှု အစီအစဉ်ပြုလုပ်ရန် ကျွန်ုပ်တို့အား ဆက်သွယ်ပါ သို့မဟုတ် ငွေကြေးအခက်အခဲရှိကြောင်းလျှောက်လွာကို ဖြည့်ပါ။

 

အပေါ်သို့ ပြန်သွားရန်

အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင်ခြင်း - ခွေးများနှင့်ကြောင်များ

ဘရင်ဘန့်ခ်မြို့နယ်အတွင်းရှိ အသက် ၃ လအထက်အရွယ် ခွေးနှင့်ကြောင်အားလုံးကို မိုက်ခရိုချစ်ပ်တပ်ရမည်၊ သားကြောဖြတ်ရမည်၊ ကောင်စီတွင်မှတ်ပုံတင်ရမည်။ အိမ်မွေးတိရစ္ဆာန် မှတ်ပုံတင်ခြင်းကို ဥပဒေအရ သတ်မှတ်ထားသည်။

သင့်အိမ်မွေးတိရစ္ဆာန်ကို ပထမဆုံးအကြိမ် မှတ်ပုံတင်ရန် အောက်ပါတို့ လိုအပ်ပါမည်-

  • သင့်အိမ်မွေးတိရစ္ဆာန်၏ သားကြောဖြတ်ပြီးကြောင်းလက်မှတ်မိတ္တူ

  • သင့်အိမ်မွေးတိရစ္ဆာန်၏ မိုက်ခရိုချစ်ပ်နံပါတ်

အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင်ကြေးကို ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ နှစ်စဉ် ပေးဆောင်ရမည်။ သက်တမ်းတိုးကြေးပေးရန် ကျရောက်မည့်အချိန်ကို သင့်အား အသိပေးရန် ကျွန်ုပ်တို့မှ နှစ်စဉ် စာဖြင့် သင့်ထံ အကြောင်းကြားပါမည်။

သင့်ခွေး သို့မဟုတ် ကြောင်ကို မှတ်ပုံတင်ရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်ပါ

အပေါ်သို့ ပြန်သွားရန်

ရပ်ကွက်တွင်း စုဝေးရာများနှင့် ရပ်ရွာတွင်းနေရာများ

ကျွန်ုပ်တို့သည် ရပ်ရွာတွင်းနေရာများ၊ ရပ်ကွက်တွင်း စုဝေးရာများနှင့် အနုပညာနေရာများတွင် အစီအစဉ်ပေါင်းစုံကို သင်ကြားပေးပြီး အခမဲ့ သို့မဟုတ် အခကြေးငွေအနည်းငယ်ဖြင့် သင် တက်ရောက်နိုင်သည်။

ကျွန်ုပ်တို့တွင်  အသက်အရွယ်၊ တတ်ကျွမ်းမှုအဆင့်နှင့် စွမ်းရည် အားလုံးအတွက် အောက်ပါတို့အပါအဝင် သင်တန်းများ ရှိသည်။

  • အနုပညာ၊ လက်မှုပညာနှင့် စာအုပ်များ

  • အချက်အပြုတ်

  • ကွန်ပျူတာနှင့်နည်းပညာ

  • မိသားစုအစီအစဉ်များ

  • ကျန်းမာရေးနှင့် ကြံ့ခိုင်ရေး

  • အလုပ်အကိုင်၊ စီးပွားရေးကျွမ်းကျင်မှုနှင့် ဘဏ္ဍာရေး

  • ဘာသာစကား၊ ကျူရှင်နှင့် ပညာရေး

  • ဂီတနှင့်အက

  • လူမှုရေးအစီအစဉ်များနှင့် ကစားနည်းများ

  • တည်မြဲနိုင်စွမ်းသော လူနေမှု

ပိုမိုသိရှိရန် သို့မဟုတ် မှတ်ပုံတင်ရန်၊ ကျွန်ုပ်တို့အား ဆက်သွယ်ပါ

အပေါ်သို့ ပြန်သွားရန်

မိသားစုများနှင့် ကလေးသူငယ်များအတွက် ဝန်ဆောင်မှုများ

မိခင်နှင့် ကလေးကျန်းမာရေး

ကျွန်ုပ်တို့၏ လက်မှတ်ရသူနာပြုများသည် သင့်ကလေးအတွက် ပြုစုစောင့်ရှောက်မှုနှင့် ကျန်းမာရေးနှင့်ပတ်သက်၍ သိသင့်သည်များနှင့် အကြံဉာဏ်များ ပေးပါသည်။ ဤဝန်ဆောင်မှုသည် မွေးစမှ ကျောင်းနေအရွယ် ကလေးများအတွက် အခမဲ့ဖြစ်သည်။

မိိဘ အသစ််  အုုပ််စု ပထမ ခြေလှမ်း များ

သင့် အား ဖိိတ််ခေါ် လို က် သည. ယင်း မှာာ မိိဘ အသစ််များ အတွက်် အခမဲ့ လုုပ််ပေးထား သည့် ခုနှစ််-ပတ်် အစီီအစဉ််ဖြစ််သည််။
အစီီအစဉ််၏ ရည််ရွယ််ချက််မှာ မိိဘ အသစ််အဖြစ်် သင်၏ အခန်းကဏ္ဍကို ပံပိုး ပေးရန်နှင့် နယ််မြေ အတွင်းရှိ

ကလေး ကာကွယ်ဆေးထိုး အစီအစဉ်

ကျွန်ုပ်တို့၏ ကလေး ကာကွယ်ဆေးထိုး အစီအစဉ်ကို လက်မှတ်ရသူနာပြုများ ဆောင်ရွက်ပေးသည်။ ဘရင်ဘန့်ခ်တစ်ဝှမ်းရှိ နေရာများတွင် ကာကွယ်ဆေးထိုးခြင်းများကို ပုံမှန် စီစဉ်ပေးသည်။

သင့်ကလေးသည် နိုင်ငံရပ်ခြားတွင် ကာကွယ်ဆေးထိုးခဲ့ပါက သြစတြေးလျသတ်မှတ်ချက်များနှင့်ကိုက်ညီသည် ဟုတ်/မဟုတ် သေချာစေရန် ၎င်းတို့၏ ကာကွယ်ဆေးထိုးမှတ်တမ်းကို သင် စိစစ်ခိုင်းနိုင်သည်။ 

ဤကာကွယ်ဆေးထိုးမှတ်တမ်းနှင့် ’ကာကွယ်ဆေးဖြည့်စွက်ထိုးခြင်း အစီအစဉ်’ ကို သင့်ဆရာဝန် ထံမှတဆင့် သို့မဟုတ် ကောင်စီမှတဆင့် ရက်ချိန်းယူ၍  တောင်းနိုင်သည်။

ကစားအဖွဲ့များ နှင့် ပံ့ပိုးပေးထားသော ကစားအဖွဲ့များ

ကစားအဖွဲ့သည် မိခင်များ၊ ဖခင်များ၊ ဘိုးဘွားများ၊ ပြုစုစောင့်ရှောက်သူများ၊ ကလေးများနှင့် ရင်ခွင်ပိုက်ကလေးများ သက်တောင့်သက်သာ ပတ်ဝန်းကျင်တွင် တွေ့ဆုံသည့် လွတ်လွတ်လပ်လပ် အစီအစဉ်တစ်ခု ဖြစ်သည်။ သင်နှင့် သင့်ကလေးအတွက် သင့်လျော်သော ကစားအဖွဲ့ကို ရှာဖွေရန်အတွက် ကျွန်ုပ်တို့အား ဆက်သွယ်ပါ

မူကြိုကျောင်းအပ်ခြင်း။

ဗစ်တိုးရီးယားပြည်နယ်ရှိ ကလေးအားလုံး မူလတန်းကျောင်းမတက်မီ တစ်ပတ်လျှင် မူကြို ၁၅ နာရီ တက်ရောက်နိုင်သည် - ၎င်းတို့တက်ရောက်သည့်နှစ် ဧပြီလ ၃၀ ရက်နေ့မတိုင်မီ အသက် ၄ နှစ် ပြည့်ရမည်။

သင့်ကလေးအား မူကြိုအတွက် ဤဝဘ်ဆိုက်တွင် ကျောင်းအပ်နိုင်သည်။ သင့်ကလေးအား ကျောင်းအပ်ရာတွင် အကူအညီလိုအပ်ပါက၊ ကျွန်ုပ်တို့အား ဆက်သွယ်ပါ

အပေါ်သို့ ပြန်သွားရန်

လူငယ်ဝန်ဆောင်မှု

ဘရင်ဘန့်ခ် လူငယ်ဝန်ဆောင်မှု (Brimbank Youth Services) သည် ဘရင်ဘန့်ခ်တွင် နေထိုင်၊ အလုပ်လုပ်ကိုင်၊ ပညာသင် သို့မဟုတ် လူမှုဆက်ဆံနေထိုင်သော အသက် ၁၀-၂၅ နှစ်အရွယ် လူငယ်များအတွက် ၎င်းတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် ကြံခိုင်ရေး၊ အပန်းဖြေမှုနှင့် အလုပ်အကိုင်ဆိုင်ရာ ကိစ္စများကို ပံ့ပိုးပေးရန်အတွက် လုပ်ကိုင်ပေးသည်။

ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ

အပေါ်သို့ ပြန်သွားရန်

သက်ကြီးရွယ်အိုများအတွက်ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် သက်ကြီးရွယ်အိုများအား ရပ်ရွာအတွင်း လှုပ်လှုပ်ရှားရှား ဆက်လက်နေထိုင်ရန် ကူညီသော ပံ့ပိုးဝန်ဆောင်မှုများနှင့်   မှီခိုမှုကင်းသော နေထိုင်ရေး တည်မြဲနေရန် အကူအညီကို အစားအစာပို့ဆောင်မှု၊  အိမ်ပြုပြင်ထိန်းသိမ်းမှုနှင့်အိမ်၌စောင့်ရှောက်ဝန်ဆောင်မှုများ မှတစ်ဆင့်   ဆောင်ရွက်ပေသည်။

ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ

ဘရင်ဘန့်ခ် ရပ်ရွာမှတ်ပုံတင်စာရင်း

သင်သည် ဘရင်ဘန့်ခ်တွင် နေထိုင်ပြီး အသက် ၅၀ နှစ်အထက် သို့မဟုတ် မသန်စွမ်းသူဖြစ်ပါက၊  သင် အဆင်ပြေကြောင်းစိစစ်ပေးမည့် ပုံမှန်ဖုန်းခေါ်ဆိုမှုများနှင့် မတော်တဆထိခိုက်မှုကိစ္စ၌ မည်သူဖြစ်ကြောင်း သက်သေခံကတ်တစ်ခု ရရှိရန်အတွက် သင် ဘရင်ဘန့်ခ် ရပ်ရွာမှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်နိုင်သည်။

ထိုသို့ မှတ်ပုံတင်ခြင်းသည် အခမဲ့ဖြစ်ပြီး ဝန်ဆောင်မှုသည် လျှို့ဝှက်ထားပြီး စိတ်ချရပါသည်။

ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ

အပေါ်သို့ ပြန်သွားရန်

အနုပညာနှင့် ယဉ်ကျေးမှု အစီအစဉ်များ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ရပ်ရွာအတွင်းနှင့် အနုပညာနေရာများ၊ ရပ်ကွက်တွင်း စုဝေးရာများနှင့် စိန့်အယ်ဘန်ရှိ ဘိုဝါရီပြဇာတ်ရုံ (The Bowery Theatre) တွင် အနုပညာနှင့်ယဉ်ကျေးမှုအစီအစဉ်မျိုးစုံကို စီစဉ်ပေးသည်။

နောက်ထပ်သိသင့်သောအချက်အလက်များကို ထိုးထွင်းတီထွင် ဘရင်ဘန့်ခ် (Creative Brimbank) ဝဘ်ဆိုဒ်တွင် ရနိုင်ပါသည်၊ သို့မဟုတ် ကျွန်ုပ်တို့အား ဆက်သွယ်ပါ

အပေါ်သို့ ပြန်သွားရန်

ပန်းခြံများ၊ ကစားကွင်းများ၊ လူလျှောက်လမ်းများနှင့် စက်ဘီးလမ်းများ

ကျွန်ုပ်တို့၏ ပန်းခြံများ၊ ကစားကွင်းများ၊ လူလျှောက်လမ်းများနှင့် စက်ဘီးလမ်းများကို လူတိုင်း သုံးစွဲနိုင်ရန် ဖွင့်လှစ်ထားပါသည်။

ကျွန်ုပ်တို့၏ပန်းခြံအများအပြားတွင် အများပြည်သူသုံးရန် အသားကင်နေရာများ၊ လေ့ကျင့်ခန်းကိရိယာများနှင့် အိမ်သာများရှိသည်။

ဤဝဘ်ဆိုဒ်တွင် နောက်ထပ်သိသင့်သောအချက်အလက်များကို သင်ရှာဖွေနိုင်ပါသည်။

အပေါ်သို့ ပြန်သွားရန်

အနားယူနေရာများ၊ အားကစားနှင့် အပန်းဖြေစခန်းများ

ရေကူးကန်များ၊ အဖွဲ့လိုက် ကိုယ်ကာယကြံ့ခိုင်ရေးသင်တန်းများနှင့် အားကစားရုံများသို့ ဝင်ရောက်သုံးနိုင်ရန်အတွက် ဆန်းရှိုင်းအနားယူနေရာ (Sunshine Leisure Center) သို့မဟုတ် (၂၀၂၂ တွင် ဖွင့်လှစ်မည့်) ဘရင်ဘန့်ခ် ရေကစားနှင့် ကျန်းမာကြံ့ခိုင်ရေးနေရာ (Brimbank Aquatic and Wellness Center)တွင် အသင်းဝင်ပါ။

ကီးလော ဘတ်စကက်ဘော ပိုက်ဘော အားကစားရုံ (Keilor Basketball Netball Stadium) တွင် ဘတ်စကက်ဘော၊ ပိုက်ဘော သို့မဟုတ် ဘော်လီဘော ကစားနိုင်သည်။

ကောင်စီသည် မြို့နယ်အားကစားအသင်းများအတွက် မြို့နယ်တစ်ဝှမ်းရှိ အားကစားကွင်းများနှင့် အဆောက်အအုံ အများအပြားကို သုံးစွဲရန် စီစဉ်ပေးသည်။ အသင်းဝင်အသစ်များကို ကြိုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ

အပေါ်သို့ ပြန်သွားရန်

စီမံကိန်းနှင့် ဆောက်လုပ်ခွင့် ပါမစ်များ

သင့်မြေကို ခွဲခြမ်းခြင်း၊ အဆောက်အအုံတစ်ခု ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် ဖြိုဖျက်ခြင်း လုပ်ဆောင်ရန်အတွက် စီမံကိန်း သို့မဟုတ် ဆောက်လုပ်ခွင့်ပါမစ် လိုအပ်နိုင်သည်။

ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ

အပေါ်သို့ ပြန်သွားရန်

ရပ်ကွက်တွင်းကားလမ်းများ၊ လူသွားလမ်းများ၊ မြေလွတ်များနှင့် သစ်ပင်များ

ကောင်စီသည် ဘရင်ဘန့်ခ် မြို့နယ်အတွင်းရှိ ရပ်ကွက်တွင်းကားလမ်းများ၊ လူသွားလမ်းများ၊ မြေလွတ်များနှင့် သစ်ပင်များအားလုံးကို စီမံခန့်ခွဲပါသည်။

ရပ်ကွက်တွင်းကားလမ်း၊ လူသွားလမ်း၊ မြေလွတ် သို့မဟုတ် သစ်ပင်နှင့် စပ်လျဉ်း၍ အကြောင်းတစ်ခုခု တွေ့ပါက ကျွန်ုပ်တို့အား ဆက်သွယ်ခြင်းအားဖြင့် အသိပေးပါ။

အပေါ်သို့ ပြန်သွားရန်

အခြားသိသင့်သော အချက်အလက်များ

Brimbank City Council respectfully acknowledges and recognises Wurundjeri and Bunurong Peoples as the Traditional Custodian of this land and pays respect to their Elders, past , present and future.

Copyright © Brimbank City Council